Saturday, March 25, 2017

သမီးအလိမ္မာတစ်ယောက်

"သမီး အလိမ္မာတစ်ယောက်ဖြစ်ဖို့"
******************
(နံမည် ပျက် မရှိအောင် ထိန်းသိမ်း ခဲ့ ရခြင်း)

တော်လိုက်တာ.....ဆို တဲ့
ချီးကျူးသံတွေအောက်မှာ....
လွတ်လပ်မှုတစ်ချို့ ကျပျောက် ခဲ့ရဖူးပါတယ်

လိမ္မာလိုက်တာ....
ဆိုတဲ့ထောပနာသံတွေကြားမှာ...
ခံစားမှုတစ်ချို့ ချောင်ထိုးခံ ခဲ့ ရဖူးပါတယ်..

နားလည်မှုရှိလိုက်တာ...
ဆိုတဲ့အပြောချိုချိုတွေ ကြား မှာ..
မာနတစ်ချို့ ငုပ်လျိုးခဲ့ရဖူးပါတယ်...

ရင့်ကျက် လိုက်တာ...
ဆိုတဲ့အဆိုပြုချက်တွေကြောင့်...
အရီအပြုံးတစ်ချို့ ဘေးထုတ် ခေါက်သိမ်း ထား ခဲ့ရဖူး ပါတယ်....

အားကိုးရတယ်...ဆို တဲ့
ဂုဏ်ယူသံတွေအလယ်မှာ
ဖြစ်ချင်တာတစ်ချို့ အိပ်မက်ထဲ ...
အလည်ပို့ခဲ့ရဖူးပါတယ်.....။ ။   

Cd.**​တောသား ရဟန်း**

No comments:

Post a Comment