ကျွန်တော့blogမှပိုစ့်တစ်ခုဟာသင့်အတွက်အသုံးဝင်ရင်တင်ရကျိုးနပ်ပါပြီ

ကြို့ပင်ကောက်သားလေးကိုဆက်သွယ်ရန်

hhhhh

ကြို့ပင်ကောက်သားလေးblogသို့လာရောက်လည်ပတ်သူအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ

GGGGG

ချစ်မိတ်ဆွေဘလောဂ့်ဂါများအားဖတ်ခေါ်ပါသည်ကျွန်တော့ဘလောဂ့်လေးမှာလာရောက်ရေးသားနိုင်ပါသည်

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Photo

Thel lay Thel lay

Sunday, March 26, 2017

ကိုယ့်facebookအကောင့်သူများဝင်သုံးနေလားကြည့်မယ်

blogအတွင်းသို့ဝင်ပြီးဗဟုသုစာပေတွေဝင်ဖတ်ချင်ပါကယခုစာကိုနှိပ်ပါ


မင်္ဂလာပါဒီတစ်ခါတင်ပေးမှာကတော့ကိုယ့်facebook account ကို
သူများဝင်သုံးနေလားဆိုတာကိုဘယ်လိုကြည့်မလည်းဆိုတာလေးပါ
သိပြီဆိုရင်လိုအပ်တဲ့လုံခြုံမှူ့တွေလုပ်လို့ရတာပေါ့ အခုတော့ဘယ်သူဝင်သုံးနေလဲဆိုတာကြည့်ပြီးဝင်သုံးနေသူကိုlog outပေးထွက်လိုက်ယုံလောက်ပါပဲ
အခုပိုစ့်ကfacebookကိုကျွမ်းကျင်စွာအသုံးတတ်သေးသူများနဲ့သုံးကာစလူများအတွက်ပါ သိပြီးသားဆရာများကလှောင်ပြောင်ခြင်းမလုပ်ကြပါရန်.....
အောက်မှာပုံလေးတွေကြည့်သွားပါ








ဟုတ်ကဲ့ဒီလောက်ပါပဲခင်ဗျာ ကြုံတုန်းတစ်လက်စတည်းကိုယ့်အကောင့်သူ များဝင်သုံးရင်အချက်ပေးအောင်လုပ်နည်းလညတစ်ခါတည်းပြလိုက်ပါမယ် ကို့အကောင့်ကိုloginတစ်ခါဝင်ရင်တစ်ခါပြမှာပါ ဝင်လိုက်ထွက်လိုက်လုပ်နေရင်တော့မရပါဘူး အောက်ကပုံမှာကြည့်ပါ
Notification Setting
ကိုဝင်ပြီးemailကိုနှိပ်ပါ ON ပေးလိုက်ပါ
အောက်တစ်ပုံလိုလုပ်ထားပါဒါဆိုသင့်အကောင့်
ကိုloginဝင်ရင်Notiပြပေးပါတယ်အကောင့်security
နဲ့ပတ်သတ်တာကိုလည်းemailသို့ပို့ပေးတယ်
                               

facebookမှာသူငယ်ချင်းဖြစ်ချင်ရင်ယခုစာကိုနှိပ်လိုက်ပါ

blogအတွင်းသို့ဝင်ပြီးဗဟုသုစာပေတွေဝင်ဖတ်ချင်ပါကယခုစာကိုနှိပ်ပါ

Saturday, March 25, 2017

Pattern lock မေ့နေလျှင်ပြန်ဖြုတ်နည်း

ကောင်လေးငယ်ရဲ့  အိမ်ကလေး
Sunday, January 26, 2014
Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင် ဘာလုပ်မလဲ

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူဝင်ကြည့်နိုင်
ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ရတယ်ပေါ့ဗျာ…အဲဒါပေမယ့်…ကိုယ်ပေးထားခဲ့
တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာမမှတ်မိတော့ရင်
တော့ဘယ်လိုလုပ်မလဲ
ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေကအသုံးဝင်မှာပါ…ဖုန်းထဲမှာgoogleaccount တော့ဝင်ထားဖို့လိုပါတယ်
အကယ်လို့ဖုန်းထဲမှာ Google Account ကိုဝင်မထားမိဘူးဆိုရင်တော့…WiFi ချိတ်ထားဖို့လိုပါတယ်…ဘာလို့လဲဆို
တာ့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock
pattern ပြီးတော့ Settings > Accounts &SyncကနေAddAccountပြီးတော့googleaccountကိုထည့်လိုက်ပေါ့ဗျာ
ပြီးတော့ ဖုန်းချလိုက်ပါ…အောက်က အဆင့်တွေဆက်လုပ်လို့ရပါပြီ…Unlock Pattern မှာငါးကြိမ်ထက် ပိုမှားခဲ့ရင်
တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ”
ဆိုပြီး ပေါ်လာပါမယ် …OK နှိပ်လိုက်ပါ။စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern?
ဆိုတာလေးကို နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်…ဒါဆိုရင်သင်ဖုန်းထဲမှာထည့်ထားတဲ့ usernameနဲ့password
ဖြည့်ပြီး Sign in လုပ်လိုက်ပါ …ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ဒီတစ်ခါတော့မှတ်ထားပေါ့နော်
ပြီးရင် Continue နှိပ်ပါ …Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် အကယ်လို့ …
ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။ဒါပေမယ့်
Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့
Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင်
Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern
Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
Ref:MMF
http://www.myanmarplay.com
credit by :လယ်တီမြေသား
အားလုံးအတွက်စေတနာထားပြီး
သိသမျှ တွေ့သမျှလေးတွေကိုပြန်လည်မျှဝေခြင်းဖြစ်ပါသည်


သွေးမလှူမီနှင့် သွေးလှူပြီး ဆောင်ရန်ရှောင်ရန် သိသင့်စရာများ နှင့် သွေးလှူခြင်းအကျိုး

သွေးမလှူမီနှင့် သွေးလှူပြီး ဆောင်ရန်ရှောင်ရန် သိသင့်စရာများ နှင့် သွေးလှူခြင်းအကျိုး

မိမိခန္ဓာကိုယ်ထဲက သွေးကို ဖောက်ထုတ်ပြီး လှူဒါန်းတဲ့ သွေးအလှူဟာ ဘုရားလောင်း သူတော်ကောင်းကြီးတွေ ဆည်းပူးဖြည့်ကျင့်ကြတဲ့
ဒါနဥပပါရမီ(အင်္ဂါစွန့်ဒါနပါရမီ)ကုသိုလ်ထူးကြီး ဖြစ်ပါတယ်..
သွေးလှူခြင်းကြောင့် သွေးအားနည်းပြီး ကျန်းမာရေးထိခိုက်တာမျိုး လုံးဝမဖြစ်နိုင်ပါဘူး.. ဟေမိုဂလိုဘင် ပြည့်မပြည့် အရင်ဆုံးစစ်ဆေးပြီးမှ ပြည့်ဝတဲ့သွေးကိုပဲ လက်ခံတာဖြစ်ပါတယ်..

ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥတွေထဲမှာရှိတဲ့ ဓာတ်တစ်မျိုးပါ..
သံဓာတ်နဲ့ပရိုတင်းဓာတ်တစ်မျိုးတို့ ပေါင်းစပ်ရာကနေ ဖြစ်ပေါ်လာပါတယ်.. ဟေမိုဂလိုဘင်က ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိပ်အပိုင်း  အသီးသီးက လိုအပ်တဲ့ အောက်စီဂျင်ကို အဆုတ်ကတစ်ဆင့် သယ်ယူ ပို့ဆောင်ပေးပါတယ်. ဟေမိုဂလိုဘင်အားနည်းရင် ခန္ဓာကိုယ်မှာ အောက်စီဂျင်အားနည်းပြီး လူပါအားနည်းသွားတာမို့ ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်အတွက် သိပ်ကိုအရေးကြီးပါတယ်..

သွေးလှူလိုက်လို့ သွေးပမာဏ လျော့နည်းသွားတဲ့အပေါ်မှာလည်း
တစ်ချို့က စိုးရိမ်ပူပန်တတ်ကြပါတယ်.. အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာ သွေးပမာ(၅ လီတာမှ ၆ လီတာ)အထိ ရှိပါတယ်.. (၁၀၀၀မီလီလီတာ=၁လီတာ) သွေးလှူဒါန်းမှုတစ်ကြိမ်တွင် သွေး(၄၅၀မီလီလီတာ)ကိုသာ ထုတ်ယူတာပါ..
ထုတ်ယူလိုက်တဲ့သွေးပမာဏဟာလည်း (၇၂)နာရီ အတွင်းမှာ ပြန်ပြည့်သွားမှာဖြစ်ပါတယ်..

ဟေမိုဂလိုဘင်ပြည့်အောင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးရပါတယ်.. သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့-
အသား ငါး အသည်း ဥနှင့် သွေးခဲများ ဟင်းနုနယ် မုံညင်း ကန်စွန်း ချဉ်ပေါင် ကညွတ် ကိုက်လန်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ
နှင့် ပဲအမျိုးမျိုး တို့ပါပဲ..ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးမှာပါဝင်တဲ့ သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူ စုပ်ယူနိုင်ရန်
အချဉ်နှင့်တွဲ၍စားပါ (ဥပမာ-ချည်ရည်ဟင်းစားခြင်း
အသီးအရွက်သုပ်များမှာ သံပုရာရည်ညှစ်စားခြင်း) ထမင်းစားပြီး အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေ စားတာဟာလည်း သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်..ဒါပေမယ့် လက်ဖက်ဟာ အူမှ
သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ပြုလို့ ထမင်းစားပြီးပြီးချင်း လက်ဖက်ရည် ကော်ဖီ ရေနွေးကြမ်းဖန်ဖန်သောက်ခြင်း လက်ဖက်စားခြင်းတို့ကိုရှောင်ကြဉ်သင့်ပါတယ်.. အနည်းဆုံး နာရီဝက်တော့ ခြားပြီးမှ စားသောက်သင့်ပါတယ်..
သွေးလှူမယ့်နေ့ဆိုရင်တော့ လုံးဝရှောင်တာက အကောင်းဆုံးပါပဲ..

သွေးလှူတော့မယ်ဆိုရင် ဒါတွေဖတ်ပြီးမှ လှူပါ
- - - - - - - - - - - - - - -
အသက်(၁၈)နှစ်မှ(၅၅)နှစ်အတွင်း ဖြစ်ရပါမယ်..

အမျိုးသားက ကိုယ်အလေးချိန်ပေါင်(၁၀၀)နှင့် အထက် အမျိုးသမီးက ပေါင်(၉၀)နှင့်အထက် ရှိရပါမယ်..

သွေးလှူတာ တစ်ကြိမ်နဲ့တစ်ကြိမ် လေးလခြားရပါမယ်..

သွေးပေါင်ချိန် ၁၁၀/၇၀ ရှိရပါမယ်..

အမျိုးသမီးများအနေနဲ့ ဓမ္မတာလာနေသောရက်အတွင်း
မလာခင်တစ်ပတ်နှင့် လာပြီးတစ်ပတ်အတွင်းတွေမှာ သွေးမလှူသင့်ပါ..ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း သွေးမလှူသင့်ပါ..

မူးယစ်ဆေးစွဲနေသူ သုံးစွဲသူ အရက်စွဲနေသူနှင့်  အရက်သောက်ထားသောသူများ သွေးမလှူသင့်ပါ

HIV/AIDS ရောဂါပိုးကူးစက်ခံရပြီး(၃)လမှ (၆)လအတွင်း သွေးစစ်ဆေး၍ မပေါ်နိုင်သောကြောင့် ရောဂါပိုးကူးစက်နိုင်သည့်
အနေအထားနှင့် ကြုံတွေ့သည့်နေ့မှစ၍ (၆)လအတွင်း လုံးဝ သွေးမလှူသင့်ပါ..

နှလုံး သွေးတိုး ဆီးချို သွေးအားနည်းရောဂါ အသည်းရောင်အသားဝါ (ဘီပိုး စီပိုး)နှင့် ကူးစက်ရောဂါဖြစ်ပွားနေသူများ သွေးမလှူသင့်ပါ..

လွန်ခဲ့သော(၃)ရက်အတွင်း နှာစေးချောင်းဆိုးခြင်းနှင့် ဆေးဝါးများ မှီဝဲထားခြင်း (ဥပမာ-Aspiric, Ponstan, Antibiotic) တို့ရှိပါက သွေးမလှူသင့်ပါ..

လွန်ခဲ့သော(၃)ပါတ်အတွင်း ရေကျောက် သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်(စ်)ကြောင့် ဖြစ်သည့်ရောဂါများဖြစ်ခဲ့ခြင်း လွန်ခဲ့သည့်(၁)နှစ်
အတွင်း ခွဲစိပ်ကုသမှုခံယူခဲ့ခြင်းတို့ရှိပါက သွေးမလှူသင့်ပါ..

သွေးလှူပြီးသွားရင်တော့ ဒါတွေကို လိုက်နာပါ
- - - - - - - - - - - -
သွေးဖောက်ထားတဲ့လက်ကို ဒီနေ့အဖို့ တတ်နိုင်သမျှ အနားပေးပါ..

သွေးဖောက်ထားတဲ့နေရာကို သန့်ရှင်းစွာထားပါ..

အရေပြားအောက်တွင် သွေးယိုစိမ့်တတ်သဖြင့်
သွေးဖောက်ထားတဲ့နေရာမှာ အမဲကွက် ယာယီ ပေါ်တတ်ပါတယ်..အန္တရာယ်မရှိပါ..

သွေးလှူပြီးစမှာ ခေါင်းမူးပါက မိနစ်အနည်းငယ် လှဲနေပါ.. ဒါမှမဟုတ် ဒူးနှစ်လုံးကြား ဦးခေါင်းထားပြီး ထိုင်နေပါ..

ဒီနေ့အဖို့ ရေ(သို့)အရည်များများ သောက်ပါ..

သွေးလှူပြီးတဲ့အချိန်ကစလို့ (၇၂)နာရီအတွင်း အရက် ဘီယာ ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့
မပြုလုပ်သင့်ပါ..

သွေးလှူဒါန်းလိုက်တဲ့အခါ သံဓာတ်များစွာ ပါသွားတဲ့အတွက် သံဓာတ်ချို့တဲ့စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ပါ..
--------------------------------------------------------
သွေးလှူရင် သွေးဖောက်တဲ့အခါ အရမ်းနာမှာပဲ ဆိုပြီး တစ်ချို့က အသားနာမှာကြောက်တာနဲ့ သွေးမလှူဖြစ်ကြတော့ပါဘူး..သွေးကြောထဲကိုပဲ အပ်ထိုးသွင်းတာမို့ အရေပြားကိုဖောက်တဲ့အချိန်
ခဏလေးပဲ နည်းနည်းအောင့်သွားတာပါ.. ပြီးရင် လုံးဝ မနာတော့ပါဘူး.. အကောင်းဆုံးကတော့ သွေးဖောက်တော့မယ်
ဆိုတာနဲ့ မျက်လုံးမှိတ်ပြီး မေတ္တာပို့နေလိုက်ပါ.. (ဥပမာ-ဒီသွေးကို သွင်းခွင့်ရတဲ့လူနာ ရောဂါဝေဒနာ အမြန်ဆုံး ပျောက်ပါစေ.. ကျန်းမာပါစေ စသဖြင့် ကိုယ်အားသန်သလို ကိုယ်အာရုံကျသလို အပိုမေတ္တာတွေဖြည့်စွက်ပြီး ပို့သနိုင်ရင် ပိုကောင်းပါတယ်)

တစ်ချို့ကလည်းသွေးလှူရင် ဝလာတတ်တယ် ဆိုပြီး မလှူဖြစ်ကြပါဘူး.. ဒါဟာမဟုတ်ပါဘူး.. တစ်ကယ်တော့`ငါသွေးလှူထားတယ် ခါတိုင်းထက် များများစားမှ မဟုတ်ရင် အားနည်းသွားလိမ့်မယ်´ဆိုတဲ့အတွေးနဲ့ လိုအပ်တာထက် ပိုစားလို့ ဝလာတာပဲဖြစ်ပါတယ်..
သွေးလှူတာသက်သက်နဲ့တော့ ကိုယ်အလေးချိန် ပိုတိုးလာစရာ အကြောင်းမရှိပါဘူး..

တစ်ချို့ကလည်း`မင်းတို့က သွေးကို အလကားလှူပေမယ့် သူတို့က လူနာကို သွေးအလကားပေးတာ မဟုတ်ဘူး လူနာဆီက ပိုက်ဆံယူတယ် မင်းတို့ အလကားလှူထားတဲ့သွေးတွေကို သူတို့က ပိုက်ဆံနဲ့ ရောင်းစားတာ´ဆိုတဲ့ စကားတွေကြောင့် လှူချင်ပေမယ့် မလှူဖြစ်တဲ့လူတွေ အများကြီးရှိပါတယ်.. တစ်ကယ်တော့ သွေးသွင်းခံလူနာရှင်ဆီက ငွေယူတာဟာ သက်ဆိုင်ရာ သွေးဝန်ထမ်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် ယူတာမဟုတ်ပါဘူး..

တစ်ကယ်လို့ ကိုယ့်သွေးကို သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အသုံးချတယ်ဆိုရင်လည်း အဲဒီသူရသွားတဲ့ ကိုယ်ကျိုးစီးပွားဟာ ကိုယ့်ရဲ့အလှူပါပဲ.. လူနာကို ကိုယ့်သွေး ရောင်းစားလိုက်လို့ သူငွေရ
သွားတယ်ဆိုရင် လူနာကိုလည်းသွေးလှူပြီးသား ဖြစ်သွားတယ် သူ့ကိုလည်းငွေလှူပြီးသားဖြစ်သွားတော့ ကိုယ့်အတွက် ကုသိုလ်နှစ်ထပ်ကွမ်း ဖြစ်သွားပါတယ်.. သူ့ဘာသာသူ သွေးရောင်းစားလို့ အကုသိုလ်ဖြစ်သွားတာကတော့ သူ့အပိုင်းနဲ့သူပါ..
ဘယ်နေရာမှာပဲဖြစ်ဖြစ်`စုန်းပြူး´ဆိုတာက ရှိတတ်တာမို့လို့ မဟုတ်တာလုပ်တတ်တဲ့သူတွေအပေါ်မှာ အဲဒီလို စိတ်ရှင်းအောင် ထားတတ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ လှူဖို့ရည်ရွယ်ထားတဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် မပျက်နိုင်တော့ပါဘူး..

အလကားလှူတဲ့သွေးကို သွေးခံအိတ်နဲ့ ထည့်ယူရတာမို့ သွေးခံအိတ်ဖိုး ကုန်ပါတယ်.. သွေးကြောကိုဖောက်ပြီး ပိုက်ကတစ်ဆင့်
သွေးခံအိတ်ထဲထည့်ရတာမို့ အပ်ဖိုး ပိုက်ဖိုး ကုန်ပါတယ်.. လှူထားတဲ့သွေးထဲမှာ ရောဂါပိုးရှိမရှိ စစ်ဆေးခ သွေးစစ်ခကုန်ပါတယ်.. လှူထားတဲ့သွေးကို အထူးအအေးခန်းထဲမှာ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရတာမို့ အအေးခန်းခ မီတာခ အအေးခန်းစက်ပစ္စည်းများ ပြုပြင်ခ ကုန်ပါတယ်..သွေးမလှူခင် သွေးအမျိုးအစားစစ်ဖို့ လက်ထိပ်ဖောက်တဲ့ နေရာမှာလည်း ကုန်ကျစရိတ်ရှိသလို သွေးအားပြည့်မပြည့် ဟေမိုဂလိုဘင် စစ်တဲ့နေရာမှာလည်း ကုန်ကျစရိတ်တွေရှိပါတယ်..သွေးလှူပြီး
အာဟာရပြည့်အောင်ကျွေးမွေးရတဲ့ ကုန်ကျစရိတ်  နှစ်ပတ်စာ ပေးလိုက်ရတဲ့ သံဓာတ်အားဖြည့်ဆေး ကုန်ကျစရိတ်စသဖြင့် အများကြီးပါပဲ.. သွေးလှူရှင်ရဲ့သွေးကြောနဲ့ လူနာရဲ့ သွေးကြော
တိုက်ရိုက်ဆက်သွယ်ပြီး လှူတာမဟုတ်ဘူး ဆိုတာကို သတိပြုရပါမယ်..ဒါကြောင့် သွေးလက်ခံတဲ့ ၀န်ထမ်းတွေ အပေါ်မှာလည်း ရမ်းပြီး အထင်မမှားသင့်ပါဘူး..

သွေးလှူတယ်ဆိုတာ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါ.. ကာလဒါနပါ.. ကာလဒါနဆိုတာ အချိန်ကိုက် အလှူ လိုအပ်ချက်နဲ့ ကွက်တိဖြစ်တဲ့အလှူလို့ အဓိပ္ပာယ်ရပါတယ်..
တူသောအကျိုးပေးတတ်တဲ့ ကံတရားအရ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် ကိုယ့်ရဲ့လိုအပ်ချက်တွေလည်း
ပြည့်စုံလာမှာပါပဲ.. ဘာမဆိုဖြစ်နိုင်တယ်လို့ မဆိုလိုပေမယ့် အတိုင်းအတာတစ်ခုထိတော့ အကျိုးဖြစ်ထွန်းနိုင်ပါတယ်..
"ကျွန်ုပ်သည် ဘယ်နေ့ဘယ်ရက်မှစပြီး သွေးလှူဒါန်းခဲ့ပါသည် ဤမှန်သော သစ္စာစကားကြောင့်.. ဘာဖြစ်ပါစေ"လို့ မိမိလိုရာ ဆုတောင်းလိုက်မယ်ဆိုရင်တော့ သွေးလှူခြင်းရဲ့ အကျိုးဟာ ဘာပါလို့ ဘောင်ခတ်ကန့်သတ်လို့ ရနိုင်ပါဦးမလား..

လူသားတစ်ဦးလိုအပ်တဲ့သွေးကို တစ်ခြားလူတစ်ဦးဆီကပဲ ရယူနိုင်တာမို့ သွေးနေရာမှာ ဘာပစ္စည်းနဲ့မှ အစားထိုးလို့မရတဲ့အတွက် ပုံမှန်ကျန်းမာရေး ကောင်းသူတိုင်း ပုံမှန်သွေးလှူသင့်ပါတယ်..
ငွေလည်းမကုန် သူတစ်ပါးရဲ့အသက်ကိုလည်း ကယ်တင်နိုင်တဲ့ သွေးအလှူဟာ ငွေသိန်းရာထောင်ချီ အကုန်ခံပြီးလှူတဲ့ အခြားအလှူတွေထက် အဆပေါင်းများစွာ ကြီးကျယ်မြင့်မြတ်ပါတယ်..

မြတ်စွာဘုရားအလောင်းတော် ပါရမီဖြည့်ရာကာလ တစ်လျှောက်လုံး လှူဒါန်းခဲ့တဲ့သွေးတွေဟာ သမုဒ္ဒရာလေးစင်းမှာရှိတဲ့ ရေတွေထက်
အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် များတယ်လို့ ဆိုတဲ့အတွက် သွေးလှူတဲ့အလုပ်ဟာ ဘုရားအလောင်းတော်တိုင်းရဲ့ မလုပ်မဖြစ်
အလုပ်ကြီးပါလားလို့တွေးပြီး သွေးလှူရှင်တိုင်း ဝမ်းမြောက်ဝမ်းသာ ပီတိဖြာသင့်ပါတယ်..
Credit to original 

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း


(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Credit - Original up-loader

အေးချမ်းမွန်မှ ရေးမိရေးရာလေးများ   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မိန်းမတစ်ယောက်လှတယ်မလှဘူးဆိုတာဘာနဲ့တိုင်းတာမလဲ


မိန်းမတစ်ယောက် လှတယ်၊ မလှဘူးဆိုတာကို ဘာနဲ့ တိုင်းတာမလဲ… ?
===============================

တစ်ချို့က အသားအရေ လှပတာ၊ မျက်နှာလေး အနာအဆာ မရှိ ချောမွေ့နေတာ၊ ခန္ဓာကိုယ် လှပ ကျော့ရှင်း နေတာတွေကို မိန်းမတစ်ယောက်ရဲ့ အလှအပ လို့ထင်ကောင်း ထင်ကြပါလိမ့်မယ်။ သို့ပေမယ့် အလှအပ ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ချောမော လှပမှုကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ကယ်တော့ မိန်းမတစ်ယောက်ရဲ့ အလှအပ ဆိုတာ သူ့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေနဲ့ စိတ်သဘောထားလေးတွေ ပါပဲ။

အောက်ဖက်မှာ ရေးသားတင်ဆက်ထားတာ ကတော့ စိတ်သဘောထား ဖြောင့်မှန်တဲ့ နှလုံးရည်ပြည့်ဝတဲ့ မိန်းမလှလေးတွေမှာတွေ့ရတတ်တဲ့အမူအကျင့်လေး တွေပဲ ဖြစ်ပါတယ်။

၁။ ရည်ရွယ်ချက်ခိုင်မာပြီး စိတ်ဓါတ်ပြင်းထန်တယ်။

တစ်ခုခုကို စိတ်ဝင်တစားနဲ့ အာရုံစူးစိုက်လုပ်ဆောင် နိုင်ခြင်း ကစိတ်ဓါတ်ခိုင်မာတယ်ဆိုတာ ဖော်ပြ နေတာ ပါပဲ။နောက်ပြီး မိမိမျှော်လင့်ထားတဲ့ပန်းတိုင်ကို ဘယ်လို အခက်အခဲတွေပဲ ကြုံတွေ့နေရပါစေ အားမလျှော့ဘဲ အောင်မြင် အောင် လုပ်ဆောင်တတ်ခြင်းက သင့်ကို ဘယ်သူနဲ့မှ မတူတဲ့ဆွဲဆောင်မှုတစ်မျိုး ပေးစွမ်းပါတယ်။

၂။ ကိုယ်တစ်ကယ် စိတ်မပါဘဲ လူတွေရဲ့ အကြိုက် လိုက်မနေတတ်ဘူး။

ကိုယ့်တန်ဖိုးစံတွေကို အထိခိုက်ခံပြီး အခြားသူတွေ သဘောကျစေဖို့လိုက်လုပ်နေတာမျိုး မရှိပါဘူး။ ကိုယ်စိတ်မဝင်စားတဲ့ အရာတွေအတွက် အချိန်ကုန်ခံပြီး လူတွေရဲ့စိတ်ဝင်စားမှုရယူတာဟာ ရေရှည်မခံဘူး ဆိုတာ ကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝကို ကိုယ့်စိတ်ဆန္ဒရှိတဲ့အတိုင်း ကိုယ့်စိတ်ကြိုက် ရပ်တည် ရှင်သန်တယ်။

၃။ စကားအပြောအဆို ပြေပြစ်ပြီး ဆက်ဆံရေး ညက်ညောတယ်။

ဘယ်လိုလူမျိုးကို ဘယ်လိုစကားမျိုးပြောရမယ်ဆိုတာ ကောင်းကောင်းနားလည်သူတွေပါ။ လူကဲခတ်တော်ပြီး လူမှုဆက်ဆံရေးမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ်။ အခြားသူတွေကိုလည်း တလေးတစားဆက်ဆံတာ ကြောင့် သူတို့ဆီက အပြန်အလှန် တန်ဖိုးထား လေးစားတာ ကို လည်း ခံရသူပေါ့။

၎။ ဘယ်သူ့ကိုမှ မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တယ်။

ကိုယ့်တာဝန်ကိုယူတတ်ပြီး ဘယ်သူ့ကိုမှ အားမကိုး တတ် သူပါ။ ကိုယ့်အရည်အချင်းတွေကို အပြည့်အဝ ယုံကြည်ပြီး ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ စိတ်ဓါတ် 
ခိုင်ခိုင်မာမာ နဲ့ တစ်ယောက်တည်းရင်ဆိုင်တတ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း က ဘယ်သူနဲ့မှ မတူတဲ့ အလှတစ်မျိုးပါပဲ။

၅။ ပရဟိတ စိတ်ရှိတယ်။

ကိုယ်ကျိုးအတွက်ဆိုတာထက် အများအကျိုးအတွက် ပိုရှေးရှူ့တယ်။ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကိုကိုယ်စွမ်းဥာဏ်စွမ်းရှိ သလောက်ကူညီဖေးမတယ်။နှစ်သိမ့်အားပေး တတ်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေရဲ့ လေးစားအားကိုးမှုကို အမြဲ ရနေသူပေါ့။

၆။ အရာရာ နားလည် လက်ခံနိုင်တဲ့ လွတ်လပ်တဲ့ စိတ်လေး ပိုင်ဆိုင်ထားတယ်။

မတူညီတဲ့ အတွေးအမြင်တွေကို မဆန့်ကျင်တဲ့အပြင် အတတ်နိုင်ဆုံး နားလည်နိုင်အောင် ကြိုးစားတယ်။ ဒါဟာကိုယ် ဘယ်လောက် အတွေး အမြင် လွတ်လပ်တယ် ဆိုတဲ့ သက်သေတစ်ခုပါပဲ။ မိမိ ဟာ ဘယ်လိုလူမျိုးနဲ့မဆို အဆင်ပြေပြေ ဆက်ဆံနိုင်ပြီး မိမိနဲ့ အတွေးအမြင် မတူတဲ့သူတွေကို မဆန့်ကျင်တတ်တာ ကြောင့် လူချစ်လူခင် ပေါများသူပေါ့။

၇။ ပျော်ပျော်နေတတ်တယ်။

ဘဝမှာ ရင်ဆိုင်လာသမျှ အဆိုးအကောင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း စိတ်ချမ်းသာစရာလေးတွေပဲ တွေးပြီး ပျော်ပျော်နေတတ်တယ်။ တစ်ကယ်တော့ ကိုယ့်ဘဝကို ကျေနပ်ရောင့်ရဲတတ်တာလောက် တန်ဖိုး ရှိတာ မရှိတော့ပါဘူး။

၈။ အကောင်း မြင်တတ်တယ်။

ဘယ်အရာကိုမဆို အကောင်းမြင်စိတ်လေးနဲ့ ကြည့် တတ်တယ်။ ဘဝမှာ ဘယ်အရာကိုမှ အဆိုးမမြင် တတ်ဘူး။ အကယ်၍အဆိုးတွေနဲ့ ကြုံတွေ့လာခဲ့ရင် တောင် သင်ခန်းစာယူလိုက်တယ်။ ကမ္ဘာကြီးကို အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အလှဆင်နေသူပါ။

၉။ ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေ၊ အမှားတွေကနေတစ်ဆင့် အခြားသူတွေကို နှစ်သိမ့် အားပေးတတ်တယ်။

ဝမ်းနည်းအားငယ်နေတဲ့သူတွေကို သူတို့ဝေဒနာတွေ ပေါ့သွားအောင် ကိုယ်လည်း ဒီလိုအခြေအနေတွေ ကြုံခဲ့ဖူးတယ် ဆိုတဲ့အကြောင်း၊ အမှားတွေလည်း လုပ်ခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းပြောပြပြီး အားပေး နှစ်သိမ့် တတ်တယ်။ ကိုယ်တိုင်လည်း အမှားတွေကို သင်ခန်းစာယူပြီး ဘယ်လို ရုန်းထခဲ့ရတယ်ဆိုတာကို လည်း မျှဝေပေးတယ်။

#Credit_Gandawin


သမီးအလိမ္မာတစ်ယောက်

"သမီး အလိမ္မာတစ်ယောက်ဖြစ်ဖို့"
******************
(နံမည် ပျက် မရှိအောင် ထိန်းသိမ်း ခဲ့ ရခြင်း)

တော်လိုက်တာ.....ဆို တဲ့
ချီးကျူးသံတွေအောက်မှာ....
လွတ်လပ်မှုတစ်ချို့ ကျပျောက် ခဲ့ရဖူးပါတယ်

လိမ္မာလိုက်တာ....
ဆိုတဲ့ထောပနာသံတွေကြားမှာ...
ခံစားမှုတစ်ချို့ ချောင်ထိုးခံ ခဲ့ ရဖူးပါတယ်..

နားလည်မှုရှိလိုက်တာ...
ဆိုတဲ့အပြောချိုချိုတွေ ကြား မှာ..
မာနတစ်ချို့ ငုပ်လျိုးခဲ့ရဖူးပါတယ်...

ရင့်ကျက် လိုက်တာ...
ဆိုတဲ့အဆိုပြုချက်တွေကြောင့်...
အရီအပြုံးတစ်ချို့ ဘေးထုတ် ခေါက်သိမ်း ထား ခဲ့ရဖူး ပါတယ်....

အားကိုးရတယ်...ဆို တဲ့
ဂုဏ်ယူသံတွေအလယ်မှာ
ဖြစ်ချင်တာတစ်ချို့ အိပ်မက်ထဲ ...
အလည်ပို့ခဲ့ရဖူးပါတယ်.....။ ။   

Cd.**​တောသား ရဟန်း**

ဝဠ်ကြွေးဆိုတာ

👉ဝဋ်ကြွေး ဆိုတာ👈
<>---------<`*´>---------<>
၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်း​တော်​ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်း​ကြောင့် ဖြစ်ပါသည်။

၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။

၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှူမလုပ်ခဲ့ခြင်း​ကြောင့်​ ဖြစ်သည်။

၎. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှူပေးခြင်း​ကြောင့်​ ဖြစ်သည်။

၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်းဆောက်ဖို့ ငွေလှုဒါန်းခြင်း​ကြောင့်​ ဖြစ်သည်။

၆. ဘာလို့ ဒီဘဝမှာ သင်ဟာ လှပချောမောနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားပန်းကပ်လှုခြင်း​ကြောင့်​ ဖြစ်သည်။

၇. ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သတ်သတ်လွှတ်စားသည့်အပြင် ဘုရားတရားများနှင့်ပျော်မွေ့ နေသူလည်း ဖြစ်သည်။

၈. ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းရောင်းရင်းများနှင့် ပြည့်စုံနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်းကြောင့်​ ဖြစ်သည်။

၉. ဘာလို့ ဒီဘဝမှာ မိစုံဖစုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာ လူကြီးသူမများကိုရိုသေလေးစားခြင်း၊ အကူညီပေးတတ်ခြင်းနှင့်​ ဘက်မလိုက်ခြင်း​ကြောင့်​ ဖြစ်သည်။

၁၀. ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေးဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ဌက်ပစ် ၊ ငါးမျှား ၊ တိရိစ္ဆာန် အသိုက်အမြုံများကို ဖြိုချခြင်းကြောင့် ဖြစ်သည်။

၁၁. ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာနေရသလဲဆိုတော့ အရင်ဘဝမှာ ဌက်လွှတ်၊ ငါးလွှတ် စသည့် သက်ရှိသတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။

၁၂. ဘာကြောင့်​ ဒီဘဝမှာ အသက်တိုရသလဲဆိုတော့ အရင်ဘဝက တိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၃. ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားကို နှိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၄. ဘာ့ကြောင့်​ သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့ အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၅. ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်း​ကြောင့်​ ဖြစ်သည်။

၁၆. အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့်ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့်​ ဖြစ်သည်။

၁၇. ဘာ့​ကြောင့်​ ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝက တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့်​ ဖြစ်သည်။

၁၈.အကယ်၍ ဒီဘဝမှာ သူတပါးကိုသတ်ရင် နောက်ဘဝမှာလည်း သင်​ကပြန်​ခံစားရပါလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာ
ဆက်ကွင်းဖြစ်ပါလိမ့်မယ်။

၁၉. ဒီဘဝမှာ သင်​တို့လည်း ဒီသံသရာအ​ကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ သင်​လည်း လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။
Cd
#လွှမ်းဒီသာ(ဟင်္သာတ တက္ကသိုလ်)

Thursday, March 23, 2017

Facebook freeဖြင့်facebook video download ဆွဲရန်

ှူမင်္ဂလာပါခင်ဗျာအခုတင်ပေးတာကတော့ခက်ခဲနက်နက်နဲတဲ့နည်းပညာကြီးမဟုတ်ပေမဲ့မသိသေးသူတွေနဲ့အမှူ့မဲ့အမှတ်မဲ့သတိမထားသူတွေအတွက်ပါ
Facebook freeနဲ့facebook video download လုပ်ကြမယ်
အောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ် (မှတ်ချက်)မြန်မာနိုင်ငံကသူများ
အနေနဲ့မရနိုင်ပါကျွန်တော်ထိုင်းဆင်းမ်ကဒ်သုံးပါတယ်
အောက်မှာပုံလေးတွေကြည့်သွားပါ

ပုံ၂ကိုကြည့်ပါ
ပုံ၃ကိုကြည့်ပါ
ပုံ၎ကိုကြည့်ပါ
ပုံ၅ကိုကြည့်ပါ download buttonကိုနှိပ်ရင် အဆင်ပြေပါပြီ


facebookမှာသူငယ်ချင်းဖြစ်ချင်ရင်ယခုစာကိုနှိပ်လိုက်ပါ

Friday, March 10, 2017

မြန်မာအသံဖြင့်ဘာသာပြန်နိုင်မဲ့app


ဘာသာပြန်appတော်တော်များများကိုသိပြီးသားဖြစ်ပေမဲ့
မြန်မာဘာသာကိုအသံနဲ့အသုံးပြုရတာမတွေ့သေးပါဘူးယခုappကတော့
မြန်မာစကားပြောပြီးဘာသာပြန်နိုင်မဲ့appလေးပါ
မူရင်းကတော့ဆရာမောင်ပေါက်တင်ထားပါတယ် ဒေါင်းရန်နှိပ်ပါ Download here Click here to download


လက်နဲ့မထိပဲမျက်နှာအနေထားနဲ့ဖုန်းကိုအသုံးပြုမယ်



ဖုန်းကိုလက်နဲ့ထိပြီးသုံးစရာမလိုပဲမျက်နှာနဲ့ထိန်းချုပ်ပြီးအသုံးပြုနိုင်မဲ့app
ဒေါင်းရန်နှိပ်ပါ
ဒေါင်းရန်နှိပ်ပါ
ဒေါင်းရန်နှိပ်ပါ

လက်နဲ့မထိပဲဖုန်းကိုမျက်နှာနဲ့ထိန်းချုပ်မယ်

ဖုန်းကိုလက်နဲ့ထိပြီးသုံးစရာမလိုပဲမျက်နှာနဲ့ထိန်းချုပ်ပြီးအသုံးပြုနိုင်မဲ့app
ဒေါင်းရန်နှိပ်ပါ
ဒေါင်းရန်နှိပ်ပါ
ဒေါင်းရန်နှိပ်ပါ