ကြို့ပင်ကောက်သားလေးblogမှနွေးထွေးစွာကြိုဆိုပါတယ် ဒီblogဟာဝါသနာအရဖွင့်ထားပြီးစိတ်ကူးပေါက်ရာများသာတင်ပါသည် ဒီblog ကတင်တိုင်းကြို့ပင်ကောက်သားလေးရေးထားတာမဟုတ်ပါ ကူးယူတင်ပြတာတွေလည်းရှိပါသည် ကျွန်တော်တင်တဲ့ပို့တွေထဲကမိတ်ဆွေအတွက်တစ်ခုခု အသုံးဝင်ရင်ကျွန်တော်တင်ရကျိုးနပ်ပါပြီ
Saturday, March 21, 2015
ဟာသစာတိုလေး
ဦးလှမောင် ရထားမောင်းသည်။တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့ရထားစီးတဲ့လူတွေဒဏ်ရာ ရကုန်သည်။မီးရထားကအရာရှိကသူ့ကိုခေါ်ဆူ တယ်။.`ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်းရတာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ´ဦးလှမောင်ကဖြေတယ်..`မဟုတ်ပါဘူးဆရာ..ကျွန်တော်ဒီနေ့ရထားမောင်းလာတဲ့လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´အဲဒါနဲ့ အရာရှိကပြောတယ်..`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ။.လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ရထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´ဦးလှမောင် ပြန်ဖြေတယ်..`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ရထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့......တိန်
ဟီးဟီး သဘောကျတယ်ဗျာ
ReplyDelete